International News

အင်ဒိုနီးရှားက အပူကျောက်မီးသွေးတင်ပို့မှု ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့ကျောက်မီးသွေးထောက်ပံ့မှုကျဆင်းခြင်း

Last Updated:

အင်ဒိုနီးရှားအစိုးရသည်ဇန်နဝါရီလအတွက်အပူကျောက်မီးသွေးတင်ပို့မှု အချို့ကို ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရပါသည်။ ပြည်တွင်းထောက်ပံ့မှုကို အာမခံချက်ရှိရန် အင်ဒိုနီးရှားအစိုးရ၏ အပူကျောက်မီးသွေးတင်ပို့မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်သည် တရုတ်ဈေးကွက်ကြောင့် ပိတ်မိလျက်ရှိသော ဩစတြေးလျ တူးဖော်ရေးလုပ်ငန်း များ တွက် သက်ရောက်မှုရှိစေနိုင်ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးတင်ပို့သူဖြစ်ပြီး၊ ကမ္ဘာ့လုံးဆိုင်ရာ အပူကျောက်မီးသွေး ကုန်စည်ပို့ဆောင်မှု၏ ၄၀% အထိ ကုန်သွယ်မှုပြုလျက် ရှိကာ ၂၀၂၀ ပြည့်နှစ်တွင် တန်ချိန် သန်း ၄၀၀ အထိ တင်ပို့နိုင်ခဲ့ပါသည်။ သို့သော် ဥပဒေများအရ မိုင်းတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သူများသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင် စျေးကွက်ပေါက်ဈေးအောက် ဈေးနှုန်းဖြင့် နိုင်ငံပိုင် ပြည်တွင်းဓာတ်အားပေးစက်ရုံသို့ ဦးစားပေးသွင်းရန် လိုအပ်ပါသည်။

အင်ဒိုနီးရှားသည် ဇန်နဝါရီလအတွက် အပူကျောက်မီးသွေးတင်ပို့မှုကို ပိတ်ပင်ထားရာ ကျောက်မီးသွေးတန်ချိန် သန်း ၃၀ အထိ ပြတ်တောက်သွားနိုင်သည့်အတွက် ဓာတ်အားပေးစက်ရုံများတွင် ထောက်ပံ့မှုကျဆင်းသွားခြင်းဖြင့် လျှပ်စစ်ဓာတ်အား ပြတ်ထောက်မှုများဖြစ်ပွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ သက်ရောက်မှုမှာ အင်ဒိနီးရှားနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုလုပ်လျက်ရှိသော ကျွန်းစုနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့အပေါ် သက် ရောက်မှုရှိနိုင်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အင်ဒိုနီးရှားအစိုးရသည် ကုန်ကြမ်းတင်ပို့မှုကို ထိထိရောက်ရောက် ကန့်သတ်ပိတ်ပင်မှုများပြုလုပ်ခဲ့ပြီး၊ တင်ပို့မှုများအတွက် ကုန်ကြမ်း ထောက်ပံ့ပေးရုံမျှအဆင့် မဟုတ်ဘဲ တန်ဖိုးမြှင့်ထုတ်ကုန်အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှား၏ မိုင်းလုပ်ငန်း ကဏ္ဍသည် တားမြစ်ချက်ကိုပယ်ဖျက်ရန် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အသည်းအသန်ကြိုးစားလျက်ရှိပြီး၊ အဆိုပါဆုံးဖြတ်ချက်သည် လျှပ်စစ်ဓာတ်အား အသည်း အသန်လိုအပ်လျက်ရှိသော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အတွက် မသေချာမရေရာမှုများကို ဖြစ်ပေါ်စေပါသည်။

ဩစတြေးလျ ကျောက်မီးသွေးတင်သွင်းမှုကို ပိတ်ပင်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်မပြေလည်မှုများ ပိုမိုဆိုးရွားလာကာ အိမ်နီးချင်းနိုင်ငံများထံမှ အရည် အသွေးမြင့် သတ္တုနှင့် အပူကျောက်မီးသွေး နှစ်မျိုးစလုံး၏ တင်သွင်းမှုများကို ဆက်လက်ရရှိရန် အခက်အခဲရှိနေပါသည်။ တရုတ်နိုင်ငံသည် သြစတြေးလျနှင့် ၎င်း၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခြင်းဖြင့် အပူကျောက်မီးသွေးတင်ပို့မှုနှင့်စပ်လျဉ်း၍ တရုတ်နှင့် သြစတြေးလျတို့ကြား ပြန်လည်ဖွင့်လှစ်ရန် အခွင့်အလမ်းရှိသည်မှာ သေချာသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ တင်ပို့မှုပိတ်ပင်မှာ ကာလမည်မျှအထိ ကြာမြင့်နိုင်မည်ဆိုသည့်အချက်ပေါ် မူတည်နေပါသည်။

ကပ်ရောဂါလွန် မြင့်တက်လာသည့် စီးပွားရေးအရှိန်အဟုန်မှာ ရပ်တန့်သွားမည့်အရိပ်အယောင် အနည်းငယ်ပြသနေရာ ကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် ရေနံထောက်ပံ့မှု တို့အပေါ် မသေချာမရေရာမှုများ ဆက်လက်တည်ရှိနေသောကြောင့် ယခုနှစ်၏ လက်ကျန်တစ်လျှောက်တွင် စွမ်းအင်စျေးကွက်များသည် အားကောင်းနေမည်ဟု ခန့်မှန်းရသည်။ စျေးကွက်များ၊ အစိုးရများနှင့် စားသုံးသူများသည် အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံးအတွက် စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကို တိုက်ရိုက် ဖြစ်ပေါ်စေသောကြောင့် စွမ်းအင်စျေးနှုန်းနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကြကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News